International News

ထိုင်းနိုင်ငံ EEC ရုံးအနေဖြင့် စီမံကိန်းဆိုင်ရာများကိုအရှိန်မြှင့်တင်မည်

Last Updated:

ဉတ္တပေါင်လေဆိပ်တွင် စမတ်မြို့တော်ကြီးများနှင့် လေဆိပ်ပြုပြင်ထိန်းသိမ်းခြင်း၊ ပြင်ဆင် ခြင်းနှင့် ပြန်လည်မွန်းမံခြင်း Maintainance, Repair and Overhaul (MRO) လုပ်ငန်းများ ဒုတိယအဆင့်အတွက် လုပ်ပိုင်ခွင့်ဆိုင်ရာသတ်မှတ်ချက်များကို (၂) လအတွင်း ထုတ်ပြန်သွားရန် စီစဉ်ထားပါသည်။ ဒုတိယဝန်ကြီးချုပ် မစ္စတာဆုန်ကစ်၏ ပြောကြားချက်အရ အရှေ့ပိုင်းစီးပွားရေး စင်္ကြန်ရုံး Eastern Economic Corridor (EEC) Office အနေဖြင့် စီမံကိန်း (၂) ခု အတွက် လုပ်ထုံးလုပ်နည်းများသတ်မှတ် ခြင်းနှင့် ထုတ်ပြန်ခြင်းများအားလာမည့် (၂) လအတွင်း အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် အမိန့်ထုတ်ပြန်ခဲ့ပါသည်။

စုစုပေါင်းဘတ်ငွေ (၆၉၅) ဘီလီယံတန်ဖိုးရှိ စီမံကိန်း (၅) ခုမှာ အဓိက လေဆိပ် (၃) ခုကို ဆက်သွယ်ထားသည့် မြန်နှုန်းမြင့် ရထားလမ်း (ဘတ်ငွေ_၂၂၅ဘီလီယံ)၊ ဉတ္တပေါင်လေဆိပ်မြို့ (ဘတ်ငွေ ၂၉၀ဘီလီယံ)၊ MRO စင်တာ(ဘတ်ငွေ-၁၀.၆ဘီလီယံ)၊ လန်ချာဘန် ပင်လယ်ဆိပ်ကမ်း ၏ တတိယအဆင့်လုပ်ငန်း (ဘတ်ငွေ-၁၁၄ဘီလီယံ) ၊ Map ThaPhut ပင်လယ်ဆိပ်ကမ်း၏ တတိယအဆင့်လုပ်ငန်း (ဘတ်ငွေ-၅၅.၄ ဘီလီယံ ) တို့ဖြစ်ပါသည်။

EEC အနေဖြင့် ဤလုပ်ငန်းအားလုံးကို ၂၀၂၁ ခုနှစ်တွင် ပြီးစီးမည်ဟု မျှော်လင့်ထားပြီး အရှေ့တောင်အာရှနှင့် ကုန်း၊ ရေ၊ လေဆက်သွယ်ထားပြီး နည်းပညာ၊ ထုတ်လုပ်မှုနှင့် ဝန်ဆောင် မှုအချက်အချာ ဗဟို (Hub) တစ်ခုအဖြစ် ဖန်တီးနိုင်လိမ့်မည်ဟု မျှော်လင့်ထားပါသည်။ Mr. Somkid က အစိုးရအနေဖြင့် Smart city များနှင့် MRO အဆောက်အဉီကို အမြန်ဆုံးစတင်ရန် ရည်ရွယ်ထားကြောင်း ပြောကြားခဲ့ပါသည်။

EEC ရုံး၏ အထွေထွေအတွင်းရေးမှူး KanitSangsubhan က စမတ်မြို့ကြီးများ၏ ဖြစ်နိုင်ချေလေ့လာမှုအား မကြာမီပြီးစီးမည်ဟု မျှော်လင့်သော်လည်း စမတ်မြို့ကြီးများ၏ ပမာဏနှင့် တည်နေရာစသည့် အသေးစိတ်အချက်များကို အသေးစိတ်ပြောကြားရန် ငြင်းဆိုခဲ့ပါ သည်။ စမတ်မြို့ကြီးများ၏ တည်နေရာသည် EEC မြို့ပြစီမံကိန်းအပေါ် အခြေခံလိမ့်မည်ဖြစ်ပြီး ၎င်းအား ဒီဇင်ဘာလ (၉) ရက်နေ့တည်းက စတင်ခဲ့ပါသည်။

EEC ရုံးအနေဖြင့် ဉတ္တပေါင် လေ‌ဆိပ်အနားရှိမြေ (၅၀၀) ရိုင်အား MRO အဆောက်အဉီ များအတွက် သီးသန့်ဖယ်ထားသည်ဟု Mr. Kanit က ပြောကြားခဲ့ပါသည်။ ၎င်းကမြေ (၂၀၀) ရိုင်မှာ ထိုင်းအပြည်ပြည်ဆိုင်ရာလေကြောင်းကုမ္ပဏီ (Thai Airways International Plc) နှင့် Airbus တို့အတွက်ဖြစ်ပြီး မြေ (၃၀၀) ရိုင်မှာ အခြားရင်းနှီးမြှုပ်နှံသူများအတွက် ဖယ်ထားရမည် ဟုပြောကြားခဲ့ပါသည်။

Mr. Kanit ၏ ပြောကြားချက်အရ U-Tapao လေဆိပ် စီမံကိန်းအား ကြီးကြပ်သော ကော်မတီအနေဖြင့် ဘတ် (၂၀၀) ဘီလီယံတန်ဖိုးရှိ လေဆိပ်မြို့တော် စီမံကိန်းအတွက် အနိုင်ရ သည့် လေလံဆွဲသူအား ဇန်နဝါရီလ (၃၀) ရက်နေ့တွင် အပြီးသတ် တွေ့ဆုံမည်ဖြစ်ကြောင်း သိရှိ ရပါသည်။

 

Source: Bangk Post                                                               

(မြန်မာစီးပွားရေးသံမှူး၊ ထိုင်းနိုင်ငံ)

 

Category: International News